မင်္ဂလာဒုံ ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ကူးစက်မှုမြန်စွာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် အောက်ဆီဂျင်အိုးများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နေ့စဉ်အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေပေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အလိုက် အောက်ဆီဂျင်ဖြန့်ဝေဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်ဖြင့် မင်္ဂလာဒုံမြို့နယ်အတွက် ရရှိသည့် အောက်ဆီ ဂျင်အိုးများနှင့် မိမိတို့ကော်မတီကို လာရောက်လှူဒါန်းသည့်အောက်ဆီဂျင်အိုးများကို ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်လျက်ရှိသူများအား အဓိကထား ချိတ်ဆက်ပြီး ပြန်လည် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
မြို့နယ်အတွက် ရရှိသည့်အောက်ဆီဂျင်အိုးများကို မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ဇူလိုင်လ ၂၁ ရက်နေ့က စ၍ ဖြန့်ဝေဆောင်ရွက်ခဲ့ရာ ယနေ့အထိ အောက်ဆီဂျင်(၄၀)လီတာအိုး (၃၃၅)လုံးရှိပြီး အိုးအသေး၊ အိုးလတ်နှင့် အိုးအကြီးများဖြင့် ပြန်လည်ကူးပြောင်းဖြည့်တင်းကာ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေ ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံ(ပြန်/ဆက်)