မိုင်းကိုင်မြို့နယ်အတွက် ခွဲဝေရရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အားလုံးထိုးနှံပေးပြီး

မိုင်းကိုင်      ဩဂုတ်    ၄

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးများကို ဇူလိုင် လ ၃၁ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရက် (၅)ရက်မြှောက်နေ့ ယနေ့ ဩဂုတ်လ  ၄  ရက်နေ့  မနက် ၁၀ နာရီအချိန်တွင်  မြို့နယ်အတွက် ခွဲတမ်းရရှိထားသော (Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများအားလုံးကို  အပြီးသတ် ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်သည်။

မိုင်းကိုင်မြို့နယ်အတွင်း ယခုထိုးနှံပေးခဲ့သည့်  (Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အရေအတွက်မှာ  (၁၂၄၅)လုံးဖြစ်ပြီး ပထမဦးစားပေးအဆင့် (၁၂)မျိုးတွင်ပါဝင်သည့်   ပုဂ္ဂိုလ် ပေါင်း (၂၄၆၂)ဦးကို  အပြီးသတ် ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း  မြို့နယ်အတွက် ကာကွယ်ဆေး များ  ထပ်မံရရှိလာပါက  ဆက်လက် ထိုးနှံပေးသွားမည့်  အစီအစဉ်များကို  ထပ်မံကြေညာ  ပေးသွား မည် ဖြစ်ကြောင်း  သိရှိရသည်။

မြို့နယ်ပြန်/ဆက်