လက်ပံတန်း ဩဂုတ် ၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူများနှင့်ဦးစားပေးအစီအစဉ်အလိုက် ဆေးထိုးနှံပေးနိုင်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ ၌ဆက်လက်ထိုးနှံပေးလျက်ရှိရာ စုစုပေါင်း၁၄၄၁ ဦးထိုးနှံပေးပြီးဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင်လ(၃၀)ရက်နေ့မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၊မြို့နယ် ၂လမ်းခန်းမနှင့် သာရဝေါ၊ ခမုံဆိပ်၊ ပေါက်တောစု၊ဂွေးတောက်ကွင်း၊ တော်ကလပ်၊ကမ်းနားစုကျေးရွာ ကွာဆေးထိုးစုရပ်များ တွင် ထိုးနှံပေးခဲ့ရာဩဂုတ်လ(၃)ရက်နေ့အထိအသက် (၆၅)နှစ် အထက်သက်ကြီးရွယ်အို (၁၁၉၇)ဦး၊ အစိုးရ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၂၀)ဦး၊Volunteerနှင့် ပရဟိတ အသင်းသား(၅၃)ဦး၊ သာသနာ့ ဝန်ထမ်းများ ဘုန်းတော်ကြီးများနှင့်သီလရှင်များ (၃၉)ပါးနှင့်နိုင်ငံ့ဝန်ထမ်း (၁၃၂)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးပြီး ကျန်ရှိနေသူများအားဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါဆေးထိုးလုပ်ငန်းများအဆင့်ဆင့် ဆောင်ရွက်နေမှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်ကော်မတီ၀င်များ၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်ကုသရေး နှင့်ပြည်သူ့ကျန်းမာရေး ဌာနမှကျန်း မာရေး၀န်ထမ်းများ၊သက်ဆိုင်ရာတိုက်နယ် ဆေးရုံများမှ ကျန်းမာရေး ၀န်ထမ်းများ၊ ဌာနဆိုင်ရာများမှတာ၀န်ရှိသူများနှင့်၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပရဟိတ အဖွဲ့၀င်များမှ ပူး ပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)