စဉ့်ကိုင် သြဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၆၅)နှစ် အထက်ဘိုးဘွား များ အား ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရ သည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာသိမ့်အိသူနှင့် ကျန်းမာရေး၀န်ထမ်းများက အဖွဲ့(၃) ဖွဲ့ ခွဲ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ သုခဒါနပရဟိတ အဖွဲ့၀င် များ၊ မြို့နယ် မီးသတ်တပ် အဖွဲ့၀င်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ပလိပ်၊ ဆီဆုံ ၊ မြောက်ကိုင်း၊ ရွာဟောင်းကုန်း ညောင်ပင်ကြီး ၊ မုန့်ပေါင်း ၊ တအုံ၊ သပြေရိုး ၊ ဧည့်ပြ ၊ သိန္ဒီ ကုန်း၊ အုန်းပင်ခြံ ကျေးရွာများရှိ (၆၅)နှစ်အထက် ဘိုးဘွားများအား ကာကွယ်ဆေး များထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးလာရောက် ထိုးနှံသည့် အသက်(၆၅)နှစ်အထက် ဘိုးဘွား များအား ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေး စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်း ဆေးမထိုးရ အုပ်စုမှန်မမှန် စီစစ်ပြီး ကာကွယ်ဆေးထိုး ပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်း၊ ဘေးထွက် ဆိုးကျိုး လက္ခဏာများ တစ်စုံ တစ်ရာဖြစ်ပေါ်လာပါက ချက်ခြင်းအရေးပေါ်တုံ့ပြန်နိုင်ရန် အတွက်မိနစ်(၃၀) ခန့်အကြာ စောင့်ကြပ်ကြည့်ရှု ပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ စီစဉ်ဆောင်ရွက်ထားရှိပြီး စဉ့်ကိုင် မြို့နယ်အနေဖြင့် ကာကွယ် ဆေးအလုံးရေ(၈၀၀) ရရှိ၍ လူဦးရေ(၁၆၀၀) ထိထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်(၃၁)ရက်နေ့မှ စတင်ထိုးနှံ ပေးခဲ့ရာ လူဦးရေ(၄၇၀) ဦး၊ ဆေးတစ်လုံးလျှင်(၂)ဦး နှုန်းဖြင့်ဆေးအလုံး ရေ (၂၃၅) လုံး ထိုးနှံပေးပြီး ဖြစ်ကြောင်း ကာကွယ်ဆေး ထိုးနှံ ပေးခြင်းများကို သြဂုတ်လ (၅) ရက်နေ့တွင်လည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
ညိုညိုဝင်း