ယင်းမာပင် ဩဂုတ်လ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးနှံရသေးသည့် အသက် (၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများအား ယင်းမာပင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စုရပ်(၃) နေရာသတ်မှတ်၍ ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ (၆၆၃)ဦး ကို ကာကွယ် ဆေး ထိုးနှံခဲ့ပြီး ယနေ့ ဒုတိယနေ့အဖြစ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ်လ(၃) ရက်နေ့ မှ စတင်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးပြီး သူဦးရေ (၆၅)နှစ်နှင့်အထက် အသက်ကြီး အဘိုးအဘွား (၇၆)ဦး ၊ အစိုးရ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၁)ဦး ၊ သံဃာတော် နှင့်သီလရှင် ဆရာတော်များ(၉)ဦး ၊ နိုင်ငံ့ဝန်ထမ်း(၁၄၄)ဦး ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၅)ဦး ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်း(၁၁၁)ဦး၊ တည်းခိုခန်းဝန်ထမ်း(၁)ဦး ၊ အကျဉ်းအချုပ် သား(၈) ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း(၃၃)ဦး ၊ ဈေးသူဈေးသား(၂၇၅)ဦး ၊ စုစုပေါင်း (၆၆၃)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးရာတွင် သက်ဆိုင်ရာ စုရပ်များအလိုက် ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့်အဖွဲ့ဝင်များ မြို့နယ် ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဖြိုးဟန်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းတို့မှ လိုအပ်သည့် အကူအညီများ ပံ့ပိုးကူညီ ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေး ထိုးနှံခြင်းကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။ စိုးမိုး(ယင်းမာပင်)