|
တာချီလိတ် ဩဂုတ် ၄ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ "တော်ဝင် " စက်သုံးဆီရောင်း ဝယ်ရေးလုပ်ငန်းမှ ထိုင်းဘတ် ၆၀၀၀၀ကျော်တန်ဖိုးရှိ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ ထိုသို့လှူဒါန်းရာတွင် ဦးကြည်မြင့်နှင့် ဒေါ်နန်းခမ်းမိသားစု "တော်ဝင် "စက်သုံးဆီရောင်း ဝယ်ရေး လုပ်ငန်းမှ စုစုပေါင်းထိုင်းဘတ်ငွေ ( ၆၀၇၄၀)တန်ဖိုးရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအထောက်အကူ ပြု ပစ္စည်း (၆) မျိုးကို မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနေဦးနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ရာ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီးနောက် ဂုဏ်ပြုလက်မှတ်ကိုပြန်လည် ပေးအပ်ခဲ့သည်။ အဆိုပါ "တော်ဝင်"စက်သုံးဆီအရောင်းဆိုင်မှလှူဒါန်းသည့် ပစ္စည်းခြောက်မျိုးမှာ နှာခေါင်းစည်း Mask(၂)ဖာ (ဗူး၁၀၀×ခု၅၀×၀.၈ ဘတ်)အတွက် ၄,၀၀၀ ဘတ်၊Paracetamol(၂,၄၀၀ ကဒ် × ၁၀ ဘတ်) အတွက် ၂၄,၀၀၀ ဘတ်၊ PPE ဝတ်စုံ (၂၀၀ခု× ၆၀ ဘတ်)အတွက် ၁၂,၀၀၀ ဘတ်၊PULSE OXIMETER ( ၄ ခု × ၈၀၀ ဘတ်) အတွက် ၃၂၀၀ဘတ် ၊သောက်ရေသန့် ( ၅၀၀ ကဒ် × ၂၅ ဘတ်) အတွက် ၁၂၅၀၀ ဘတ်၊ ကိုရီးယားခေါက်ဆွဲ ( ၁၄၄ ဗူး × ၃၅ ဘတ်)အတွက် ၅၀၄၀ဘတ် ၊စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ ၆၀၇၄၀ ဖြစ် ကြောင်းသိရသည်။ ယာဆေး |