ရန်ကင်း သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် ၁၄ ရပ်ကွက် ရှိ ရန်ကင်းပညာရေးကောလိပ် ၌ ဖွင့်လှစ်ထားသောကုတင် ၆၀၀ ကိုဗစ်-၁၉ကုသရေးစင်တာ၌ သြဂုတ်လ ၄ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ အတည်ပြုလူနာများအား လက်ခံကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကင်းမြို့နယ်၌ ပညာရေးဒီဂရီကောလိပ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာကုတင် ၆၀၀အား ဇူလိုင်လ ပထမပတ်မှစတင်၍ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ လေးကျွန်းသူဖောင်ဒေးရှင်း အသင်းနှင့် မိတ်ဖက် အဖွဲ့များ၏ ဦးဆောင်မှုဖြင့်အလှူရှင်စေတနာရှင်များ ပေါင်းစပ်ကာကုသရေးစင်တာကုတင် ၆၀၀ အားဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိရာမှ သြဂုတ်လ ၃ ရက်နေ့တွင် ကုသဆောင် ၂ခုအနက် အမှတ်( ၁) သုံးထပ်ဆောင်အား စတင်ဖွင့်လှစ်ခဲ့ပြီးသြဂုတ်လ ၄ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ အတည်ပြု လူနာများ အားလက်ခံကု သဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)