ရွှေကမ္ဘောဇဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ တနင်္သာရီမြို့နယ်ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားရိက္ခာ များလှူဒါန်း

တနင်္သာရီ-ဩဂုတ်  ၄

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု-ရေဖြူကျေးရွာ ရွှေကမ္ဘောဇ ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ  တနင်္သာရီမြို့နယ်အတွင်းမြစ်ရေကြီးမှုဖြစ်စဉ် ကြောင့် ယာယီကယ်ဆယ်ရေး စခန်းများ သို့ ပြောင်းရွှေ့နေကြသော ရေဘေးသင့်ပြည်သူ အိမ်ထောင်စုများအတွက် ရေဘေးသင့်နေပြီး ကိုဗစ် ကာလအတွင်း စားဝတ်နေရေးအဆင်ပေစေရေးအတွက် ရည်ရွယ်၍ ဆန်နှင့်အခြားစားရိက္ခာများကို ယမန်နေ့ညနေ ၃နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနတွင်ဖွင့်လှစ်ထားသော ရေဘေးသင့်ပြည်သူများ ယာယီကွပ်ကဲရေးဌာနရုံးသို့လာရောက်လှုဒါန်းပေးကြောင်းသိရှိရသည်။

ရွှေကမ္ဘောဇ ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ(ကိုယ်စား) ၎င်းကုမ္ပဏီမှ မန်နေဂျာ ဦးကျော် နိုင်နှင့်ဝန်ထမ်း များက(၁၂)ပြည်ဝင်ဆန်(၂၀၀)အိတ်၊ တစ်လီတာဝင်ဆီ(၄၀၀)ဗူး၊ ကြက်ဥ(၂၀၀၀)လုံး၊ မာမားခေါက်ဆွဲ (၁၀၀၀) ထုပ်၊(၈)အိတ်ဝင်ဆားထုပ်(၂၀၀)ထုပ်၊ ငါးသေတ္တာ(၆၀၀)ဗူး၊ ဖယောင်းတိုင်(၂၀၀)ထုတ် .စသည့်စားရိက္ခာ (၇)မျိုးအား လှူဒါန်းပေးအပ်ရာ မြိုမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ မှအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးနေဝင်းနှင့် မြို့နယ်ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိန်းရေး လုပ်ငန်း ကော်မတီ ဝင်များက လက်ခံရယူကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (ဒေသကိုယ်စားလှယ်)ဦးကျော်ကျော်ခေါင်က ကျေးဇူးတင် ရှိကြောင်း ပြောကြားပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာရွှေကမ္ဘောဇ ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီမှ မန်နေဂျာ ဦးကျော်နိုင်က လက်ခံရယူကြောင်းသိရှိရသည်။

အဆိုပါ ဆန်နှင့်စားရိက္ခာပစ္စည်းများအားမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု ဖြင့် ရပ်ကွက်/ကျေးရွာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)