တောင်ကြီး သြဂုတ် ၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၉) နာရီ ကတောင်ကြီးမြို့ မူလမင်းကွန်းပရိယတ္တိစာသင်တိုက်၌ ရဟန်းသံဃာတော်များ၊ သာမဏေများ၊ သီလရှင် ဆရာလေးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေမှု အားကြည့်ရှုအားပေးကြကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနေမှုတွင် မူလမင်းကွန်း ပရိယတ္တိစာသင်တိုက်တွင် တောင်ကြီး မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း(၁၃)ကျောင်းမှ ရဟန်းသံဃာတော်(၁၁၃) ပါး ၊ သာမဏေ(၇၂)ပါးနှင့် သီလရှင် ဆရာလေး(၇)ပါးလာရောက်ထိုးကြ ပြီးကျန်ရှိသည့်ကျောင်းများကိုလည်း ဆက်လက်ထိုးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ မြိုတော်ခန်းမ ၌ အသက်(၆၅)နှစ်နှင့်အထက်အဘိုးအဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ Volunteer အဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။ မောင်မောင်သန်း(တောင်ကြီး)