တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး

တနိုင်း၊ ဩဂုတ် ၄

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅)နှစ် အထက်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ် ဆေးထိုးနှံပေးခြင်းကို လူမျိုးဘာသာမရွေး မြို့နယ်အတွင်း စုရပ်(၂)နေရာ သတ်မှတ်၍ ဩဂုတ်လ(၃)ရက် နံနက်(၈)နာရီ အချိန်ကစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက် များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်း များနှင့် အမှတ်(၁၀) တပ်မတော်ဆေးရုံကုတင်(၂၅)ဆံ့မှ ဆရာဝန်နှင့်သူနာပြုများက ထိုးနှံပေးလျက် ရှိကြောင်းသိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm (Vero)အမျိုးအစားဖြစ်ပြီး  တနိုင်းမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ  ( ၂၅၀) အား လူဦးရေ(၅၀၀)ဦးကိုစတင်ထိုးနှံပေးခြင်းကို တနိုင်းမြို့ကုတင်(၅၀) ဆံ့ပြည်သူ့ဆေးရုံစုရပ်၊ အထက (၁) စုရပ် စုရပ်(၂)နေရာသတ်မှတ်၍ ဩဂုတ်လ(၃)ရက်နေ့မှ(၄)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် ရှိသူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ ဘုန်းကြီး၊ သီလရှင်၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံများ၏ ဝန်ထမ်းများ၊ အကျဉ်းသား/ အချုပ်သား၊ ဟိုတယ်/ မိုတယ်/  တည်းခိုခန်း၊ ပုဂ္ဂလိက ပို့ဆောင် ရေးဝန်ထမ်းများ၊ Super Market/ ဈေးရောင်းသူ ပြည်သူများကို ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ရပ်မိ/ရပ်ဖ ဦးဇော်လွမ်းတူး၊  ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သန့်ဇင်ဦးနှင့် ဝန်ထမ်းများ၊တနိုင်းမြို့ အမှတ်(၁၀)တပ်မတော်ဆေးရုံကုတင်(၂၅)မှ ဆေးရုံ တပ်မှူး ဗိုလ်မှူးထွန်းထွန်းနိုင်နှင့် အထွေထွေရောဂါကုသမားတော် ဒေါက်တာငြိမ်းချမ်းအောင်း ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများက  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊  မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေမှူးများ ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

ဝါဝါ