ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပုဗ္ဗသီရိ  ဩဂုတ် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အား ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို အ-ထ-က (၂၀)တွင်  ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နက် ၉ နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်အနေဖြင့် ယနေ့တွင် သံဃာတော်(၄)ပါး၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံ ပြည်သူ(၁၉၇)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း(၆၉)ဦး၊ စေတနာ့ဝန်ထမ်း(၂၄)ဦး  စုစုပေါင်း (၃၉၄)ဦးကို မြို့နယ်ခုတင်(၅၀)ဆံ့ဆေးရုံအုပ် ဒေါက်တာသိမ့်သိမ့်ထွေး၊ အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ဆေးမှူး ဗိုလ်ကြီးရဲထွဋ်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။                                                                                               

မျိုးသီဟ