တောင်ကုတ် ဩဂုတ် ၄
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိ၎င်း နေ့လယ် ၁ နာရီ အချိန် မှ ညနေ ၄ နာရီအချိန်ထိ ကံပိုင်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ ၌ တတိယနေ့အဖြစ် လူမျိုးဘာသာမရွေး ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ထိုးနှံရာတွင် ကံပိုင်ရပ်ရပ်ကွက်အ တွင်းရှိ ပထမအကြိမ်က ကာကွယ်ဆေးမထိုးနှံရသေးသူ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူစာရင်းရှိ စုစုပေါင်း(၇၃၄)ဦး အား ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်းသိရ သည်။
ယခု ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင်လူ(၂)ဦးထိုးနှံပေးလျက်ရှိကြောင်း နှင့် တောင်ကုတ် မြို့နယ်အတွက် ဆေးပုလင်း(၁၈၃၀) ပုလင်းရရှိကာလူဦးရေ (၃၆၆၀)ဦး အားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွေး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လှထွန်းဇော်၏ ကြီးကြပ်မှုဖြင့် ကျန်း မာရေးဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အရံမီးသတ်၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များနှင့် အတူပူးပေါင်း၍ ထိုးနှံပေး လျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်