ရွှေသောင်ယံမြို့မကျီးဇင်ကျေးရွာအုပ်စုအတွင်းအသက်(၆၅)နှစ်အထက်အဘိုး၊အဖွားများအားကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေး

ရွှေသောင်ယံ သြဂုတ် ၄

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊မကျီးဇင်ကျေးရွာအုပ်စုအတွင်းရှိ မကျီးဇင်ကျေးရွာအထကစာသင်ကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီမှစတင်ကာအသက်(၆၅)နှစ် အထက်အဘိုး၊အဖွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး များကို ဦးစားပေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင်ပထမဦးစားပေးအနေဖြင့်အသက်(၆၅)နှစ်အထက်အဘိုး၊အဖွားများ၊ရဟန်းသံဃာများကိုထိုးနှံပေးလျှက်ရှိပြီးဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များကိုလည်းထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မကျီးဇင်တိုက်နယ်အတွင်း၌ မကျီးဇင်ကျေးရွာအုပ်စု၊ ဘောမိကျေးရွာအုပ်စုတို့ရှိပြီး ၎င်းကျေးရွာအုပ်စုများအတွက် ကိုဗစ်-၁၉ကာကွယ်ဆေးအလုံးရေ(၁၀၀)ရရှိကာလူဦးရေ(၂၀၀)ထိုးနှံပေးနိုင်မည်ဖြစ်ပြီး မကျီးဇင်ကျေးရွာ အုပ်စုတွင် သြဂုတ်(၃)ရက်နေ့၌လည်းကောင်း၊ ဘောမိကျေးရွာအုပ်စုတွင်သြဂုတ်လ(၄)ရက်နေ့၌လည်းကောင်း ထိုးနှံပေးသွားမည်ဟုသိရသည်။ အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာတွင်မကျီးဇင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များမှဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရွှေသောင်ယံ