ရမည်းသင်းအကျဉ်းဦးစီးဌာန၌အချုပ်သား/အချုပ်သားသူနှင့် အကျဉ်းသား/ အကျဉ်းသား သူများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး

ရမည်းသင်း ဩဂုတ် ၄

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အကျဉ်းဦးစီးဌာန အချုပ်သားအဆောင်(၂)၌ ယမန်နေ့မွန်းလွဲ ၃နာရီခွဲက ရမည်းသင်းမြို့နယ်အ ကျဉ်းဦးစီးဌာနရှိ အချုပ်သား/ အချုပ်သားသူနှင့် အကျဉ်းသား/ အကျဉ်းသား သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm )ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် ရမည်းသင်းအကျဉ်းထောင် ဆရာဝန်ဒေါက်တာ သီဟနန္ဒက သွေးပေါင်ချိန်ခြင်း၊ ကိုအပူချိန်တိုင်းတာခြင်းတိုကိုဦးစွာ စစ်ဆေးပေးပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အကျဉ်းသား(၁၃၀)၊ အကျဉ်းသူ (၂၀)အားထိုးနှံပေးပြီး ဩဂုတ် ၄ရက်နေ့၌ အကျဉ်းသား (၁၂၇)ဦး၊ အကျဉ်းသူ(၂၁)ဦးနှင့် အချုပ်သား(၂၂၈)ဦး၊ အချုပ်သူ(၂၂)ဦး စုစုပေါင်း(၅၄၈)ဦးတို့ကို ကိုဗစ-၁၉ ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်းရနည်းသင်း အကျဉ်းဦးစီးဌာနမှသိရသည်။ ကာကွယ် ဆေးထိုးနှံခြင်းကိုရမည်းသင်း အကျဉ်းဦးစီး ဌာန တာဝန်ခံအရာရှိ လက်ထောက်ညွန်ကြားရေးမှူး ဦးလှရွှေ ကကြီးကြပ်ပြီးကာကွယ် ဆေးထိုးနှံကြသည့် အကျဉ်းသား/ အကျဉ်းသူများကိုအား ပေးစကားပြောကြား ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်