ရေနံချောင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့် အထက် ရဟန်း၊ရှင်၊ လူ၊ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း တတိယနေ့ ဖြစ်ဆောင်ရွက်

ရေနံချောင်း သြဂုတ် ၄ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးမထိုးနှံရသေးသောအသက်(၁၈) နှစ် နှင့် အထက် ရဟန်း၊ရှင်၊လူ၊ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း (တတိယနေ့)အဖြစ် ယနေ့ နေ့လယ် (၁၂)နာရီအချိန်က ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက် ၊ လည်ပေါ်သာသနာ့ဗိမာန်တော်၊ ရွာသစ်ရပ်ကွက်၊ အထက (၁) ကျောင်း ခန်းမ နှင့် သုံးဆယ့်ခြောက်ကျေးရွာ၊ အထက(ခွဲ) ကျောင်းခန်းမတို့ တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသောအသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ဦးစားပေး၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို ရေနံချောင်းမြို့နယ်အတွင်း ဇူလိုင်လ(၁) ရက်နေ့ မှစတင်၍ ထိုးနှံပေးလျက် ရှပြီး ဇူလိုင်လ (၂)ရက်နေ့တွင် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးရွယ်အို (၁၁၃၇)ဦး ၊အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း (၁၁)ဦး ၊ စေတနာ့ဝန်ထမ်း ၊ပရဟိတ အသင်းဝင် (၈၅) ဦး ၊ ဘိုးဘွားရိပ်သာ မှ အဘိုးအဘွား (၃)ဦး ၊ ဘုန်းတော်ကြီးကျောင်း ၊ သီလရှင်ကျောင်း ၊ ဘာသာရေးကျောင်းများမှ (၄၄)ဦး၊ နိုင်ငံ့ဝန်ထမ်း (၃၀၁) ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း (၇) ဦး၊ ပုဂ္ဂလိက စက်ရုံ ၊ အလုပ်ရုံ ဝန်ထမ်း (၁၂၆) ဦး ၊ ဟိုတယ် ၊မိုတယ်၊ တည်းခိုခန်း များမှ (၇) ဦး၊ အကျဉ်းသား ၊ အချုပ်သား (၁၄)ဦး ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း မှ (၆၁) ဦး ၊ ရေနံချောင်းမြို့မ‌ဈေး မှ (၆၃) ဦး နှင့် စားသောက်ဆိုင် ၊ လ္ဘက်ရည်ဆိုင်များ မှ ဝန်ထမ်းများ (၈) ဦး စုစုပေါင်း (၂၁၀၀) ဦးတို့ကို ထိုးနှံပေးခဲ့နိုင်ကြောင်းသိရသည်။ အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကိုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် စာရေးများ ၊ မြို့နယ်ပြည်သူ့ဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာဆန်းထွန်းနှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ မြိုနယ်ရဲတပ်ဖွဲ့ ၊မြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိ သူများ၊မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊မြို့နယ်အတွင်းရှိ စေတနာ့လုပ်အားပေးအဖွဲ့ များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း နှင့် ထပ်မံ၍ ရေနံချောင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသောအသက်(၁၈) နှစ်နှင့်အထက် ရဟန်းရှင်လူပြည်သူ( ၂၀၀၀) ဦးကို ဇူလိုင်လ (၃)ရက်နေ့မှစ၍ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမှာဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။ ငြိမ်းငြိမ်းအိ