ဂန့်ဂေါ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အသက်(၆၅)နှစ်နှင့်အထက်ဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင်စတင်ထိုးနှံပေးသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးရာတွင် ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့်ထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ် ဆေးလာရောက်ထိုးနှံသူများကို ကျန်းမာရေးဌာနဝန်ထမ်းများ၊ နယ်မြေခံအမြောက်တပ်ရင်း ဆေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတို့က ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းများရေးသွင်းခြင်းများဆောင်ရွက်ကာ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများအား ဦးစားပေး အနေဖြင့်ကာကွယ်ဆေးစတင်ထိုးနှံပေးကြသည်။ ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအား ခရိုင်အား/ကာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်သည်။အဆိုပါကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း ဆောင်ရွက်ရာသို့ ဂန့်ဂေါခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးထိုးနှံသည့် သက်ကြီးအဘိုး အဘွားများအား ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများအား အသိပညာပေး နှစ်သိမ့်ဆွေးနွေးကာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေသည့် မြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ဂန့်ဂေါမြို့ အမှတ်(၃၇၁)အမြောက်တပ်ရင်း ဆေးတပ်ဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ ယောချစ်သူပရဟိ တမောင်မယ်အဖွဲ့များအားတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားကာ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်းသည်။
ဂန့်ဂေါမြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာများရှိ အသက်(၆၅)နှစ်နှင့်အထက်ဘိုးဘွား(၂၁၀၀)ဦးအတွက် ကာကွယ်ဆေးကို ဩဂုတ်(၃)ရက်မှ ဩဂုတ်(၇)ရက်နေ့အထိ (၅)ရက်တိုင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ယခင်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၁၁၂၄၀)ဦး ရှိကြောင်း သိရသည်။
မောင်မျိုးမင်း(ယော)