ပုသိမ် ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမနှင့်အ.ထ.က(၁)တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမသို့ရောက်ရှိပြီး ကာကွယ်ဆေးထိုးနေမှုအား ကြည့်ရှုအားပေးခဲကြပြီး ပုသိမ်မြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ အောက်စီဂျင်ထုတ် လုပ်နေမှုနေရာသို့ ရောက်ရှိခဲ့ကာ အောက်စီဂျင်ထုတ်လုပ် ဖြန့်ဖြူးနေမှုကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပုသိမ်မြို့ အ.ထ.က(၁)ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စျေးရောင်း/ဈေးဝယ်စင်တာများမှ ဝန်ထမ်းများ၊ တက္ကသိုလ်နှင့် ပညာရေးဌာနများမှ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ လာရောက်ဆေးထိုးနှံနေမှုများကို ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
မြင့်ဟန်