ဗိုလ်တထောင် ဩဂုတ် ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုး ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မကျန်ရှိရ အောင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့များ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗိုလ်တထောင် မြို့နယ်အထက (၆)စိန် ပေါ ကျောင်း၌ ယနေ့ နေ့လယ်၁ နာရီ မှစတင်၍ကာ ကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ဘိုးဘွားများ အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ဗိုလ်တထောင်မြို့နယ်တွင်ရပ်ကွက် ၁၂ရပ်ကွက်ရှိပြီးယနေ့ကာကွယ်ဆေးထိုး နှံပေးခြင်းမှာ အမှတ်(၁၀)ရပ်ကွက် မှသက်ကြီးဘိုးဘွား(၄၀)ဦးကို စတင်ထိုးနှံ ပေးခဲ့ပြီး နောက်ရက်များတွင် ကျန်ရပ် ကွက်များမှ သက်ကြီးဘိုး ဘွားများအားရပ်ကွက်များအလိုက်နံနက် ၉နာရီခွဲမှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။