ရေစကြိုမြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ် (၈)လုံး ပြောင်းရွှေ့

ရေစကြို       ဩဂုတ်  ၃

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ပြိုကြသဖြင့် ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့် ကျေးရွာ၌  လူနေအိမ်(၈)လုံး ရွှေ့ပြောင်းခဲ့ရကြောင်းသိရသည်။

အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ ကျား(၁၉)ဦး၊ မ(၁၉)ဦး၊ ပေါင်း(၃၈)ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်၌ ယာယီနေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပြီး အိမ်ခြေရှစ်လုံး ဖျက်သိမ်းခဲ့ရ ဖြစ်ကြောင်းသိရသည်။ အဆိုပါ အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာ၊  ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်နော် (ချင်းတွင်းသား)