အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

အရာတော် ဩဂုတ် ၃ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက်ရှိသူ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း စုရပ် (၄)နေရာ သတ်မှတ်၍ ဩဂုတ်လ(၃)ရက် နံနက်(၈)နာရီအချိန်ကစတင်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အရာတော်မြို့နယ်တွင် ယခုအကြိမ် ခွဲဝေရရှိသည့် (Sinopharm) 8အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ(၁၀၀၀)ကို ပထမဦးစားပေးအဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် မြို့ပေါ် (၃)ရပ်ကွက်နှင့် ကျောက်ပျောက်ကျေးရွာ အုပ်စုရှိ အသက်(၆၅)နှစ်အထက် ဘုန်းတော်ကြီး၊ သီလရှင်နှင့် ပြည်သူများအား စုရပ်(၄)နေရာ သတ်မှတ်ကာ ယနေ့ နံနက် ၈ နာရီမှ စတင်ထိုးနှံပေးခဲ့ပြီး သြဂုတ်လ(၄)ရက်နေ့တွင် အမှတ်(၁) ၊ ကမ္ဘောဇ (အမက)၌ အမှတ်(၁)ရပ်ကွက်နှင့်ကမ်းပြူ ကျေးရွာအုပ်စု၊ အမှတ် ၂ (မူလတန်းလွန်ကျောင်း)၌ အမှတ် (၂)ရပ်ကွက်နှင့် မကျီးကန်ကျေးရွာအုပ်စု၊ ရဲချင်းကျေးရွာအုပ်စု၊ အမှတ် ၃ (အလက-ခွဲ)၌ အမှတ်(၃) ရပ်ကွက်နှင့်မြေနက်ကျေးရွာအုပ်စု၊ ငွေတွင်းကျေးရွာအုပ်စု၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျောက်ပျောက်ကျေးရွာအုပ်စုနှင့် မှော်တောကျေးရွာအုပ်စုရှိ အသက် (၆၅) နှစ်နှင့်အထက်ပြည်သူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။ ယင်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော်နှင့် ဝန်ထမ်းများ၊ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)