မင်္ဂလာဒုံ ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၁၀)နာရီမှ စတင်၍ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး နှင့် ကျန်းမာရေးဝန် ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာ ဏ တိုင်းတာခြင်းများဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။
ယနေ့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ စာရင်းအရ လူဦးရေ (၃၀၀)ကျော်ထိုးနှံပေးမည်ဖြစ်ကာ စည်ပင်သာယာဝန်ထမ်းများမှာ လူဦးရေ (၃၀၀) ကျော်ရှိ၍ ထောက်ကြန့် ကျန်းမာရေးဌာန(RHC)တွင် ဩဂုတ်လ (၅)ရက်နေ့၌ ထိုးနှံပေးသွားမည် ဖြစ်သည်။ မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး စုရပ်အဖြစ် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦး စီးဌာန၌ စီစဉ်ဆောင်ရွက်ထားရှိပြီး နေ့စဉ်နံနက်(၁၀)နာရီမှ (၁၂)နာရီနှင့် မွန်းလွဲပိုင်းတွင် (၁)နာရီမှ (၃)နာရီအချိန်ထိ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။ မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ကာကွယ်ဆေးထပ်မံရရှိလာပါက အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေး သည့် အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွား မိဘပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းများ၊ Super Market နှင့် ဈေးများ စသည်ဖြင့် ကျန်ရှိနေသည်များကို စာရင်းများပြုပြီး သတ်မှတ်ဦးစားပေး အုပ်စုများအလိုက် အဆင့်ဆင့် ဆက်လက်ထိုး နှံပေးသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။