မင်းတုန်း ဩဂုတ် ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းတုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မင်းတုန်းမြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့နည်းစေရေး ပြည်သူများ ပူးပေါင်းပါဝင်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်ကျန်းမားရေး ဦးစီးဌာမှူး ဒေါက်တာထွန်းလင်းအောင်တို့က မင်းတုန်းမြိုနယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကုသရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေး ဆောင်ရွက်မှု အခြေအနေများ၊ မြို့နယ်အဝင်အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဆောင်ရွက်ထားရှိမှု၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ ထားရှိမှု၊ RDT Test Kit ဖြင့်စစ်ဆေးပြီး ရောဂါပိုးတွေ့ရှိသည့် အခြေအနေများ၊ အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်မှု အခြေအနေ၊ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းပါဝင်မှု အနေများအား ရှင်းလင်း တင်ပြခဲ့ကြသည်။
ထို့နောက် လူမှုရေးရာဝန်ကြီးကရောဂါပိုးကူးစက်မှုလျော့နည်းစေရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး PPE ဝတ်စုံများနှင့်နှာခေါင်းစီး Mask များကိုစေတနာ့ဝန်ထမ်းများအားထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေသည့်နေရာ၊ Quarantine Center ထားရှိမှု၊ Oxygen Plant တည်ဆောက်မည့် မြေနေရာနှင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုခဲပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)