ရန်ကုန် သြဂုတ် ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမခွဲ ခြားဘဲ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARMထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ဗဟန်းမြို့နယ်ကမ္ဘောဇလမ်းရှိ အမှတ်(၃)အခြေခံပညာမူလတန်း လွန် ကျောင်း၊တွင်ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှဲပေးရာတွင် ဗဟန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အမှတ်(၁)ရွှေတောင်ကြားလမ်း၊ အမှတ်(၂)ရွှေတောင်ကြားလမ်းနှင့် သာသနာ့ဗိမာန်တို့မှ၊ အသက် ၆၅ နှစ်နှင့်အထက်သက် ကြီးဘိုးဘွား(၂၀၀)ဦးအားထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းမပြုမီ၊ကျန်းမာရေးဝန်ထမ်းများကကိုယ်အပူချိန်တိုင်းတာခြင်းသွေးပေါင်ချိန်တိုင်းတာခြင်း၊သွေးအတွင်းအောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးကာ၊ ပုံမှန်အနေအထားရှိမှသာ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ် ဆေးများ ထပ်မံရောက်ရှိလာပါက ဆက်လက်တိုးမြှင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိပြီး နေ့စဉ်ကျန်ရှိနေသောရပ်ကွက် များ အား
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကိုရက်တစ်ပတ်လျင်ငါးရက်၊နံနက် (၉)နာရီမှမွန်လွဲ (၃)နာရီ အချိန်ထိ ဆက်လက်ထိုးနှံသွားမည်ဖြစ်ရာ ကွယ်ဆေးထိုးရန် ဦးတည်အုပ်စုများဖြစ်သော အသက်၆၅နှစ်နှင့်အထက်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မြို့နယ် အတွင်းရှိ စေတနာလူမှုကူညီးရေးအသင်းများမှ လုပ်အားပေး Volunteer များစုစုပေါင်း(၈၁၂၈) ဦးအား၊ ဦးစားပေးအလိုက် ထိုးနှံပေးမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဦးအောင်မြတ်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စေတနာလူမှု ကူညီးရေးအသင်းများက လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်
အောင်မြင့်