မြိတ်မြို့နယ်တွင် သစ်ပင်လှဲကျ၍ လေဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ထောက်ပံ့ငွေပေး အပ်

မြိတ် သြဂုတ်

မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက်ပန်စရာရပ်ရပ်၊ အေးရိပ်သာလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၏အနောက်ဘက် အမိုးပေါ်သို့ သစ်ပင်ပြို လှဲကာ  တစ်စိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ်တစ်လုံး ထိခိုက်ခဲ့ရာ အဆိုပါ အိမ်ထောင်စုအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် များပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် လေဘေးသင့်၍တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေတစ်လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၀၀၀၀/-)ကျပ်၊ လေဘေးသင့် လူဦးရေ(၆)ဦးအတွက်  (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၂၆၀၀/-)၊ စုစုပေါင်း(၅၂၆၀၀/-)ကျပ်တို့ကို ပေးအပ်ခဲ့ ကြောင်းသိရသည်။