ဝေါ သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် (COVID-19) ထိန်ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင် စက် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
အလှူရှင်များက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောင်ဆီဂျင်စက် တည်ဆောက်နိုင် ရေးအတွက် ဦးအောင်ချစ်+ဒေါ်အေးကြည် မိသားစုမှ (၁) သိန်းကျပ်၊ ဦးသောင်းထွန်း (ခ) ဦးမောင်ငယ် +ဒေါ်ခင်တိုး မိသားစုမှ (၅) သောင်းကျပ်တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း