မဘိမ်း ဩဂုတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်းရှိ သံဃာတော်များ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား တရုတ်ပြည် သူ့သမ္မတနိုင်ငံထုတ် Sinopham ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၈ နာရီခွဲအချိန် က မြို့မရပ်ကွက်၊ ဓမ္မရိပ်သာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ထိုးနှံရာ၌ မဘိမ်းမြို့ပေါ်ရပ်ကွက် လေးရပ်ကွက်အတွင်းရှိ သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ သွေးပေါင် ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏတိုင်းတာခြင်းနှင့် အပူချိန်တိုင်းတာခြင်း တို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံပေး ခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကာ သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်(၃၄၃)ဦးအား ကာ ကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိသည့် ကျေးရွာများမှ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကိုလည်း သတ်မှတ်ကာကွယ်ဆေးထိုး စုရပ်များတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲထွဋ်လင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး အားပေးကူညီမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်း