ကျောက်ဆည်မြို့နယ်တွင် အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

ကျောက်ဆည်   ဩဂုတ်  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိ သော အသက်(၆၅)နှစ်အထက် ပြည်သူများ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့(၃)ဖွဲ့ခွဲကာ မြို့ပေါ်(၁၀) ရပ်ကွက်မှသံဃာ(၅)ပါး၊ အသက်(၆၅)နှစ်အထက် ပြည်သူ(၃၁၆)ဦး၊ ကျန်းမာရေး   ဝန်ထမ်း(၂၆)ဦးနှင့်စေတနာ့ဝန်ထမ်း(၅၃)ဦးစုစုပေါင်း(၄၀၀)ဦးအား စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အနေဖြင့် ယခုထိုးနှံပေးသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးအလုံးရေ(၈၀၀)ရရှိထားပြီးဖြစ်ရာ ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိပြီး လူဦးရေ(၁၆၀၀)ဦးအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်၉နာရီ အချိန်၌ မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမားရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်ထံမှ သိရသည်။

တင်တင်ထွေး