ကျိုက်မရော ဩဂုတ် ၁
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန် ၆ ပြည်အိတ် (၁၀၀)အား ထောက်ပံပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်က မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီရုံး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်သည်။
အဆိုပါ ဆန်အိတ်များအား လက်ရှိအခြေအနေတွင် ရေဘေးသင့်နေသည့် အနိမ့်ပိုင်းရပ်ကွက်များရှိပြည်သူများ၊ ရေဘေးရှောင်ယာယီစခန်းများတွင် နေထိုင်လျက်ရှိသည့် ရေဘေးသင့်သူများထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရေဘေးသင့်ကျေးရွာများနှင့် ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူများထံသို့ ယမန်နေ့ညနေပိုင်းက သွားရောက်ထောက်ပံလှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)