ကျောက်တံခါးမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကျောက်တံခါး ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အနောက်ရပ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြန်မာအမျိုးသမီးများ၏ စွမ်းအားနှင့် ဂုဏ်သိက္ခာခေါင်းစဉ်ဖြင့် အနောက်ရပ်၊ အခြေခံပညာအထက်တန်းကျောင်း Grade-8 နှင့် Grade-9 မှ ကျောင်းသား၊ ကျောင်းသူ ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ စာစီစာကုံးပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာကျော်နှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)