မုဒုံ ဇွန် ၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှုကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်/ ကျေးရွာများ၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း၍ ရပ်ကွက်/ ကျေးရွာအုပ်စု (၄၂) အုပ်စုတို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များရှိ ရေးတွင်း၊ ရေကန်များ၊ ခြင်များခိုအောင်းနိုင်သည့် နေရာများအား အဘိတ် (Abate) ဆေးခတ်ခြင်း၊ မသန့်ရှင်းသော ရေကန်များအား ရေလဲလှယ်စေခြင်းများအား ဆောင်ရွက်ကြကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)