ဓနုဖြူ ဇွန် ၅
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နန်းတော်ကုန်းကျေးရွာအုပ်စု၊ မီးရထားဘူတာဝန်းတွင် စုပေါင်းစိုက်ပျိုးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သစ်ပင်များပေးအပ်ခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းအေးချမ်းဇွန်နှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၄၀၀) ဦးခန့်တို့က မန်ဂျန်ရှား (၁၂၄) ပင်၊ ကျွန်း (၁၀၂) ပင်၊ မဟော်ဂနီ (၁၀၂) ပင်၊စိန်ပန်း (၄၇) ပင်၊ ခရေ (၂၅) ပင်၊ စုစုပေါင်း (၄၀၀) ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်