ဖျာပုံ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၁) ကျောင်းအောင်မြေခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Video Clip နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဥ် အမှုဆောင်ညွှန်ကြားရေးမှူး မစ္စအင်ဂါအန်ဒါစန်၏ Video Message အား Projector ဖြင့်ပြသပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြသထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်များခင်းကျင်း ပြသထားရှိမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်