မြင်းခြံ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များကို ယနေ့ နံနက်ပိုင်းကအမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်သူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းလင်းတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမော်နှင့်ဝန်ထမ်းများက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို စစ်ဆေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များ နေ့ချင်းပြီး ဆောင်ရွက်ပေးကာ ကာယကံရှင်များ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)