လသာ ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် အမှတ် (၉) ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရှေ့၌ ဇွန် ၃ ရက်နေ့ နံနက် ၇ နာရီက အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးလှုံ့ဆော် ဆောင်ရွက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆောင်ရွက်ပွဲသို့ လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ကျောက်တံတားခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား ၃၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
ထို့နောက် အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မော်တော်ယာဉ်များ၌ အသိပညာပေးစတေကာများ ကပ်ခြင်းနှင့် ပြည်သူများအား စနစ်တကျ အမှိုက်စွန့်ပစ်ရေးဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)