ညောင်ဦးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ

ညောင်ဦး မေ ၅

၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင်ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးကျော်မင်းညိုမှ အဖွင့်အမှာစကားပြောကြားသည်။ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးဆုရရှိသူများအား ဆုချီးမြှင့်ပြီးနောက်ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့် UNEP ၏ အမှုဆောင်ညွှန်ကြားရေးမှူးတို့မှ ပေးပို့သော သတင်းစကား ရုပ်သံများအားပြသခြင်း၊ ၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video Clip ပြသခြင်းနှင့် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း