တောင်တွင်းကြီး ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
တောင်တွင်းကြီးမြို့တွင် အခြေခံပညာကျောင်းပေါင်း (၂၅၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄) ကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၁၈၉) ဦး တက်ရောက်လျက်ရှိပြီး တာဝန်ရှိသူများက ကျောင်းများ၏သင်ကြားရေးနှင့် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးစသည့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဦးမျိုး