ကန့်ဘလူ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၅ ရက်နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးညီညီစိုးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံနှင့်ရောင်စုံပန်းချီပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီပြိုင်ပွဲ အလယ်တန်းဆင့်နှင့် မူလတန်းဆင့်တွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်တာဝန်ခံ ဦးညီညီစိုးနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ပြီး ဆုရရှိသူများကိုယ်စား အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသော မခင်ထက်ဆုဟန်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)