နတ်မောက် ဇွန် ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက်တွင် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျားမင်းလမ်းသွယ်( ၅) ကွန်ကရစ်လမ်းခင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မောင်၊ မြို့နယ်စည်ပင်သာယာရေးတာဝန်ခံအင်ဂျင်နီယာ ဦးခိုင်ဇော်မိုးတို့က ကျားမင်းလမ်းသွယ်(၅) ရက်(၁၀၀)စီမံချက်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ကျားမင်းလမ်းသွယ်(၅) ကွန်ကရစ်လမ်းကိုသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး စနစ်တကျဆောင်ရွက်နိုင်ရန် တာဝန်ခံအင်ဂျင်နီယာအား မှာကြားခဲ့သည်။ နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက် ကျားမင်းလမ်းသွယ်(၅) ရက်(၁၀၀)စီမံချက်ဖြင့် လမ်းအရှည် ၆၀၀ပေ၊ အကျယ်၁၂ပေ၊ ထု ၆ လက်မကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ(၄၅ဒဿမ၃) သန်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က အနီးကပ်ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း