သံဖြူဇရပ် ဇွန် ၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်က ကြီးကြပ်၍ မြို့မစခန်းမှူး ဒု-ရဲမှူး မင်းနောင်၊ ဒု-ရဲအုပ် မွန်မွန်ကျော်တို့က အောင်သာယာရပ်ကွက်နေ ပြည်သူများအား မှုခင်းလျော့နည်းကျဆင်းရေးအတွက် သက်ငယ်မုဒိန်းဖြစ်စဥ် ဖြစ်ရပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ယာဥ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောပြီး၊ အောင်သာယာရပ်ကွက်အတွင်း ပြည်သူလူထုကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် (Home Visit) တစ်အိမ်တက်ဆင်းသွားရောက်၍ အိမ်တိုင်ရာရောက် အသိပညာပေးဟောပြောခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)