ဆိပ်ဖြူမြို့နယ်တွင် ကိုင်းစိုက်ပျိုးတောင်သူများအား သဘာဝမြေသြဇာပြုလုပ်နည်း တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်

ဆိပ်ဖြူ ဇွန် ၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် ကိုင်းစိုက်ပျိုးတောင်သူများအား သဘာဝမြေသြဇာပြုလုပ်နည်းပညာပေးလုပ်ငန်းကို ဇွန်လ ၅ ရက်နေ့ နံနက် ၈ နာရီက ကိုင်းပျိုးမြေရွာသစ်စိုက်ကွင်း၌ ပြုလုပ်သည်။

တောင်သူပညာပေးလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနိုင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများတွင် သဘာဝမြေသြဇာများကိုယ်တိုင် ပြုလုပ်သုံးစွဲခြင်းဖြင့် စိုက်ပျိုးစရိတ်သက်ဆောင်ရွက်နိုင်စေရေး၊ သီးနှံအထွက်နှုန်းမြင့်မားရေးနှင့် ဓာတုမြေသြဇာများလျော့ချသုံးစွဲခြင်းဖြင့် စိုက်ပျိုးမြေတိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍သဘာဝမြေသြဇာပြုလုပ်နည်း တောင်သူပညာပေးလုပ်ငန်းဆောင်ရွက်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်မင်းနိုင်က တက်ရောက်လာသည့်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ အား သွင်းအားစု သဘာဝမြေသြဇာပြုခြင်းမှ ရရှိလာမည်အကျိုးကျေးဇူများကို ရှင်းလင်းပြောကြားပေးပြီး လယ်ယာစွန့်ပြစ်ပစ္စည်းများ၊ သစ်ရွက်ဆွေးများနှင့် နွားချေး၊ ဖွဲနု၊ နှမ်းဖက်တို့ကိုအသုံးပြု၍ အီးအမ်ဖျော်ရည်ရောစပ် သဘာဝမြေသြဇာပြုလုပ်ပုံတို့ကို လက်တွေ့ပြုလုပ်ပြသပေးသည်။ ထို့နောက် တောင်သူများအား မြေသြဇာသုံးစွဲရမည့် အချိန်နှင့် စိုက်ဧကများအတွက်  ဧည့်သွင်းအသုံးပြုရမည့် ပမာဏ အချိုးအစားများကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

ကိုဇွဲ (အညာမြေ)