ကျုံပျော်၌ မိုးတွင်းရိက္ခာနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကျင်းပ

ကျုံပျော် ဇွန် ၅

ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအတွက် မိုးတွင်းရိက္ခာနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ ၄ ရက်ညနေ ၄ နာရီက ပြုလုပ်သည်။

ပေးအပ်ပွဲတွင် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစောနှင့် တာဝန်ရှိသူတို့ ဝန်ထမ်းသားသမီး ၁၉ ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ၇၉၀၀၀၀ ကျပ် အပါအဝင် စာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းသုံးပစ္စည်းများကိုလည်း‌‌ကောင်း၊ အရာထမ်းနှင့် အမှုထမ်း ၅၀ ဦးတို့အတွက် ဆန် ၈ အိတ်နှင့် ဆီ ၅၀ ပိဿာတို့ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါပေးအပ်ပွဲသို့ ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသားသမီးများ တက်ရောက်ခဲ့ကြပြီး၊ ယနေ့ထောက်ပံ့‌ပေးအပ်သည့်ပစ္စည်းနှင့် ငွေစုစုပေါင်းတန်ဖိုးမှာ ငွေကျပ် (၁၆) သိန်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)