ရန်ကုန် နိုဝင်ဘာ ၁
သန်လျင်ခရိုင် သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီလမ်းခြံအမှတ်(၁) နေအိမ်မီးလောင်မှု ယမန်နေ့ ည ၁၁ နာရီ ၃၆ မိနစ်က ဖြစ်ပွားသည်။
အဆိုပါနေအိမ်မီးလောင်မှုအား သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးဝင်းနှင့်တပ်ဖွဲ့ဝင်များ အချိန်မီရောက်ရှိငြိမ်းသတ်မှုကြောင့် ည ၁၂ နာရီခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။
နေအိမ်မီးလောင်မှုဖြစ်စဉ်မှာ အားသွင်းထားသောဖုန်းအားသွင်းကြိုး အပူလွန်ကဲ၍အနီးရှိ စက္ကူများပေါ်သို့ မီးပွားကျရာမှမီးစတင်လောင်ကြွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ်နှစ်ထပ်ရှိ ၁၆ပေကျယ် ဧည့်ခန်းတစ်ခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ယင်းမီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင် ဦးဇေယျာအား သန်လျင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)