ငပုတောမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ၊ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်

ငပုတော ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အထက်တန်း၊အ လယ်တန်း၊ မူလတန်း ကျောင်းများအား ယနေ့ စတင်ဖွင့်လှစ်ရာ ကျောင်းသား / သူများ ပျော်ရွှင်စွာ စတင်‌ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စာသင်ကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ငပုတောမြို့ပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ စာသင်ကျောင်းများ၌ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကျောင်းသား/ သူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်း၏လုံခြုံရေးနှင့် ကျောင်းသား / သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)