ကြံခင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှအကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ (တိုက်ပွဲရှောင်) ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ငွေကျပ် ၃၅၃၀၀၀ိ/-တန်ဖိုးရှိ ကျောင်းဝတ်စုံ များနှင့် စက်ဘီး တစ်စီးပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် အဖွင့်အမှာစကားပြောကြားရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာရောက်ရှိလာကြသည့် ပြည်သူများ၏ ကျောင်းနေ အရွယ် သားသမီးများအား ပညာဆက်လက်သင်ယူနိုင်ရန်အတွက် နိုင်ငံတော်မှ အဖက်ဖက်မှ ဝိုင်းဝန်းကူညီကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သားငယ်သမီးငယ်များအနေဖြင့် ပညာကို ကြိုးစားစွာ သင်ယူပြီး နိုင်ငံတော်၏ အားကိုးအားထားရာ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာရန် မျှော်မှန်းပါကြောင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ယာယီနေရပ်စွန့်ခွာ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားရာ၌ ကြံခင်းမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် မူလတန်းအဆင့် ၂၈ ဦး၊ အလယ်တန်းအဆင့် ၁၇ ဦး၊ အထက်တန်းအဆင့် ၁၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၅ ဦး ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်အားလုံ ရာနှုန်းပြည့် ကျောင်းအပ်နှံရေးကို စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ဝိုင်းဝန်ကူညီပေးစေလို ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာ ကျောင်းသား၊ ကျောင်းသူများအား စုစုပေါင်းငွေကျပ် ၃၅၃၀၀၀ိ/- တန်ဖိုးရှိ ကျောင်းဝတ်စုံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင်(၃)နှင့် မြို့နယ်ပညာရေးမှူးတို့က အသီးသီးပေးအပ်ကြပြီး အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ကျောင်းသွားရန်အခက်ရှိသော ကျောင်းသားတစ်ဦးအား ၁၅၀၀၀၀ိ/- တန်ဖိုးရှိ စက်ဘီးတစ်စီးထောက်ပံ့ပေးခဲ့သည်။ ထို့နောက် ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထဲမှ အသက် (၁၀) နှစ်အထက် ရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း ဦးဆောင် ၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ် တစ်ကြိမ်တစ်ခါမှ မပြုလုပ်ရသေးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက် အလက်များ (Biometric Data) ကောက်ယူ၍ UID ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)