ဓနုဖြူ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန်ကျန်ရှိမှုမရှိစေရေးအတွက်တာဝန်ရှိသူများမှ ယမန်နေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း၌ ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ၊ဆရာမများပါဝင်သော ပူးပေါင်းအဖွဲ့များသည် ဓနုဖြူမြို့နယ်အတွင်းရှိ ကျောင်းအပ်ရန်ကျန်ရှိနေသော ကလေးများနှင့် ကျောင်းနေအရွယ်ရောက်ပြီး ကျောင်းမတက်ရောက်သောကလေးများအား အိမ်တိုင်ရာရောက်မိဘများနှင့် သွားရောက်တွေ့ဆုံ၍ ကျောင်းတက်ရောက်ပညာသင်ကြားရန် စည်းရုံးဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)