ဖျာပုံမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံ တက်ရောက်စေရေး စည်းရုံးဆောင်ရွက်

ဖျာပုံ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မေလ(၂၂)ရက်နေ့မှ စတင်၍ ဇွန်လ(၁)ရက်နေ့အထိကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်၍ အခြေခံပညာ ကျောင်းများအားလုံး၌ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ရာ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံ ကျောင်းတက်ရောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် ယနေ့နံနက်ပိုင်းကစတင်ကာ ကျောင်းနေအရွယ်ကလေးများရှိရာ ရပ်ကွက်/ ကျေးရွာအရောက်နေအိမ်များအရောက် ကွင်းဆင်း၍ လိုက်လံတိုက်တွန်း စည်းရုံးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စည်းရုံးဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းဦး၊မြို့နယ်ပညာရေးမှူးရုံးမှဆရာ/ဆရာမများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ဌာနအလိုက်ခွဲ၍ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ၍ ကျောင်းနေအရွယ်ကလေး မိဘများနှင့် တွေ့ဆုံကာ ကျောင်းအပ်နှံစေရေး၊ ကျောင်းတက်ရောက်စေရေးတို့အတွက် တိုက်တွန်းနှိုးဆော် လိုက်လံစည်းရုံးကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် ယမန်နေ့ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံပြီးစီးမှု ရာခိုင်နှုန်း (၉၀.၂၆) ရာခိုင်နှုန်းရှိပြီး ကျောင်းအပ်နှံရန် ကျန်ရှိနေကြသည့် ကျောင်းသား/ ကျောင်းသူများအား အချိန်မီ ကျောင်းအပ်နှံတက်ရောက်ကြရန် လိုက်လံတိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)