ငွေဆောင်မြို့တွင် ကျောင်းအပ်နှံရန်ကျန်ရှိသည့် ယာယီနေရပ်စွန့်ခွာကျောင်းသား/သူများအားလုံး ကျောင်းအပ်နှံ​စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကွင်းဆင်းစည်းရုံးခြင်းဆောင်ရွက်

ငွေဆောင် ဇွန် ၁                                                              

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငွေဆောင်မြို့အတွင်းရှိ ကျောင်းအပ်နှံရန်ကျန်ရှိသည့် တိုက်ပွဲရှောင် ကျောင်းသား/သူများအားလုံး ကျောင်းအပ်နှံစေရေး အ တွက် မေလ ၂၉ ရက်နေ့ နေ့လည်ပိုင်းက  မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ အိမ်တိုင်ရာရောက် ကွင်းဆင်းစည်းရုံးကာ အခက်အခဲများအား ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစည်းရုံးမှုအား မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၏ဦးဆောင်မှုဖြင့် ပညာရေးဌာန နှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တို့မှ  ကျောင်းအပ်နှံရန်ကျန်ရှိ​နေသည့် ယာယီနေရပ်စွန့်ခွာ  ကျောင်းသား/သူများ၏နေအိမ်သို့  အိမ်တိုင်ရာရောက်သွားရောက်ကာ  ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့်တွေ့ဆုံ၍ ကလေးငယ်များအား  အချိန်မှီကျောင်းအပ်နှံရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့  ကွင်းဆင်းရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်မှ ကျောင်းသား၊သူများ၊ ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားပြောကြားခြင်း၊ ကလေးငယ်များအား အချိန်မှီကျောင်းအပ်နှံကြရန်စည်းရုံးခြင်း၊ကျောင်းသားမိဘ များတင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

R – 014( ငွေဆောင်)