ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြန်အောင်တာမိုင် ၆/၂-၆/၄ အတွင်း (ဖြတ်တာ)တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

မြန်အောင် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်က မြန်အောင်တာမိုင် ၆/၂ -၆/၄ အတွင်း (ဖြတ်တာ) တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၂-၆/၄ အတွင်း (ဖြတ်တာ) အလျား (၁၁၆၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ဟင်္သာတခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ် အင်ပင်မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် အင်ပင်မြို့၊ ကနောင်မြို့တို့မှ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်းနှင်းရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ဆေးဝါးနှင့်စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဝင်းဗိုလ် (ပြန်/ဆက်)