ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည့် လပွတ္တာမြို့နယ်၌ ကျောင်းအပ်နှံမှုအခြေအနေများ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ဆုံပွဲနှင့် ရေချိုရေငံပုဇွန်မွေး‌မြူရေး လုပ်ငန်းအား လာရောက်ကြည့်ရှုအားပေး

လပွတ္တာ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည့် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လပွတ္တာခရိုင်(၃)မိုင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံမှု အခြေအနေအား လာရောက်ကြည့်ရှု၍ ပညာရေးဝန်ကြီးဌာနမှ (အခမဲ့) ပေးအပ်သော ကျောင်းသုံး ပုံနှိပ်ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ‌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ဆုံအမှာစကား ပြောကြားပြီး ဆန်၊ ဆီးနှင့် ကြက်ဥများပေးအပ်ခဲ့ကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံမှု အခြေအနေများအားကြည့်ရှု၍ ပညာရေးဝန်ကြီးဌာနမှ(အခမဲ့) ပေးအပ်သော ကျောင်းသုံးကိရိယာများအား ပေအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည့် လပွတ္တာ-မြောင်းမြကာလမ်း‌ဘေးရှိ အားမာန်သစ် ရေချိုရေငန်ပုဇွန်မွေးမြူးရေကန်သို့ ရောက်ရှိ၍ ပုဇွန်မွေးမြူပုံအဆင့်ဆင့်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် ပုဇွန်ကန်ပိုင်ရှင် ဒေါက်တာကျော်ထွန်းမြင့်တို့က ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)