ဒဂုံဆိပ်ကမ်း မေ ၃၀
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက “စဉ်ဆက်မပျက် ကျောင်းအပ်နှံကြပါစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဒေါက်တာရွှေပြည်စိုးက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒဂုံမြို့သစ်ခရိုင်၊ ခရိုင်ပညာရေးမှူး ဆရာကြီးဦးငွေသူရက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းအပ်လက်ခံ လျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံရေးနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းအပ်နှံရေးဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများအား ဒဂုံမြို့သစ်ခရိုင်ပညာရေးမှုး ဆရာကြီးဦးငွေသူရနှင့် တာဝန်ရှိသူများမှ လည်းကောင်း မြို့နယ်အတွင်း အလှူရှင်အသီးသီးမှ လှူဒါန်းသော ဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် ထီးများအား ပေးအပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ ထို့နောက် အ.လ.က(ခွဲ)မ-၈ ကျောင်းမှ ကျောင်းသား/သူလေးများက “လုံချည်စိမ်းနှင့် အင်္ကျီဖြူု” သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)